Blog

How important is engagement on social media?

Social Media Engagement-Web.jpg

Facebook မှာ ရတဲ့ Post Engagement အရေအတွက်က ဝယ်လိုအားနဲ့ ဆက်စပ်မှု ရှိမရှိ ကို ဘယ်လိုသိနိုင်မလဲ?
တင်ထားတဲ့ Post က ဘယ်လို အချိန်တွေမှာ Engagement များများရတတ်သလဲ ?

Facebook မှာ Engagement များများရအောင် အဓိက ဦးစားပေး မရေးပေမဲ့ ဝယ်လိုစိတ်ဖြစ်စေတဲ့ Post တွေလည်း ရှိပါတယ်။ ပစ္စည်းဝယ်လိုစိတ်ဖြစ်စေတဲ့ Post နဲ့ မင်းသမီးနဲ့ တွဲတင်တဲ့ Post မှာ ဘယ်ဟာက Brand အတွက် ပိုထိရောက်စေနိုင်လဲဆိုတာကို တစ်ချက်လေ့လာကြည့်ရအောင်။
တခါတလေ Engagement တော့ ကောင်းပါရဲ့။ ကိုယ့် Product အကြောင်း သတိထားမိတာ နည်းနည်း ၊ မင်းသမီးလှကြောင်း ချီးမွမ်းတာ များများဆိုရင်တော့ measuring metrics ကို ပြန်လည်ဆန်းစစ်ပြီး တကယ်ရော ဒီ Post က purchase intent ပေးနိုင်ရဲ့လားဆိုတာ အဖြေရှာရပါတော့မယ်။ Post တင်လိုက်တဲ့ ရည်ရွယ်ချက်က လူပိုသိစေချင်တာ (သို့) perception ပြောင်းစေချင်တာ ဆိုရင်တော့ ရတဲ့ Like အရေအတွက်ကို ထည့်စဉ်းစားဖို့ မလိုတော့ပါဘူး။ အဓိကက ဖတ်တဲ့ သူရဲ့ စိတ်ထဲ စွဲသွားဖို့ပဲ အရေးကြီးတာကိုး…

အခု မြန်မာနိုင်ငံမှာ ကိုယ့်သူငယ်ချင်း၊ အသိမိတ်ဆွေ တင်လိုက်တဲ့ Post ကို ခင်လို့မင်လို့ Like ပေးတာ Comment ရေးတာမျိုး တော်တော်များများမှာ တွေ့ရပေမယ့် ရေးထားတဲ့စာကို အစကနေ အဆုံးထိ ဖတ်ချင်မှလည်း ဖတ်ဖြစ်မှာပါ။ Like ၊ Comment နဲ့ Share မလုပ်ပေမယ့် သေချာဝင်ဖတ်ကြည့်တတ်တဲ့ သူအများစုလည်း ရှိပါတယ်။ ဒါကြောင့် Post ကို React ရင် Customer ဖြစ်လာမယ့်သူ လို့ ယူဆပြီး ကျန်လူတွေကို အလေးမထားရင်လည်း ကိုယ့် online demographic က လမ်းလွဲသွားနိုင်ပါတယ် ။

Facebook Study တွေအရ.. offline sale ရဲ့ ၉၀% ခန့် ဟာ digital ads ကို တင်ထားတဲ့ကာလအတွင်း React မလုပ်သူတွေဖြစ်တယ်လို့ ပြောထားပါတယ်။ ဥပမာ Under Armour Brand ရဲ့ CEO အမြဲပြောလေ့ရှိတဲ့ " Don't forget to sell shirts and shoes’’ ဆိုတဲ့ စကားအတိုင်း Digital Spending တိုင်းဟာ နောက်ဆုံး goal ဖြစ်တဲ့ အရောင်းသွက်ရေး ကို သာ ပြန်သွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဈေးကွက်မှာ အောင်မြင်ခြင်းဟာ Engagement တွေရနေတာထက် sale ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သော နည်းနဲ့ဖြစ်စေ ပြန်လည် ချိတ်ဆက်နိုင်ခြင်း ရှိ မရှိကိုပဲ အခြေခံပြီး ဆုံးဖြတ်သင့်ပါတယ်။

How would you know if the number of post engagement on Facebook is related to demand? When does a post usually increase engagement?

Although it didn’t target much engagement on Facebook, there are some posts that make you want to buy. Let’s track which is more effective: Post that makes you want to buy something or Post advertised with Actress.
Sometimes, engagement is good but you need to find out if the post can really drive a purchase intent while reviewing measuring metrics when you get a lot of praise for actress instead of getting awareness of your product.
If the purpose of posting is to make people more aware or to change their perception, you do not need to consider the number of Likes as the main is to capture the reader's mind.
Now in Myanmar, it is usual to get like and comment on a post because of friendship, but they may not read the post from beginning to end. Nevertheless, there are many people who read it carefully. Therefore, you can’t assume one as a customer who gave a reaction to your post without paying attention to others who didn’t react. If so, your online demographic may astray.
According to a Facebook study, about 90% of offline sales’ buyers do not react to digital ads during the posting period. Like the saying "Do not forget to sell shirts and shoes." by CEO of Under Armour Brand, It is important that every digital spending you made goes back to the ultimate goal of sales. Therefore, success in the market should be determined on the basis of whether the sale can be directly or indirectly linked rather than engaging.

Peach Marketing